၂၀၁၀-ခု၊ ဇန်န၀ါရီလ (၁၂)ရက် နေ့ထုတ်ပေါ်ပြူလာ ဂျာနယ်မှ
ချစ်ခင်လေးမြတ်စွာနဲ့ မြတ်မြတ်နိုးနိုး ဖိတ်ကြားအပ်ပါတယ်
(၃၁-၁၂-၂၀၀၉)နေ့မှာ ကျွန်တော့်ရဲ့စာအုပ် ဖြစ်တဲ့ ရာဇ၀င်ထဲမှာပုဏ္ဏား စာအုပ်နဲ့ နိုင်ငံတော်က အမျိုးသားစာပေဆု (သုတပဒေသာ-၀ိဇ္ဇာ)ချီးမြှင့် တာကို ၀မ်းမြောက်ဝမ်းသာကျေနပ်စွာနဲ့ လက်ခံ ရယူခဲ့ပါတယ်။ အရမ်းလည်း ပျော်ရွှင်ကြည်နူးခဲ့ ရပါတယ်။
ကျွန်တော့်ရဲ့ ပျော်ရွှင်ကြည်နူးမှုလေးကို ဖြန့်ဝေချင်လွန်းလို့ ကျွန်တော့်ကိုချစ်သူ၊ မုန်းသူ ကျွန်တော့်ကိုနားလည်သူ၊ အထင်မှားသူ၊ စိတ်ဓာတ် ခြင်းတိုက်ဆိုင်သူ၊ မတိုက်ဆိုင်သူအားလုံးကို ဖိတ်ကြား ပါတယ်။
ကျွန်တော်က ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးနဲ့ ပြောဆိုပြစ်မှားမိခဲ့ရင်လည်း ခြေသုတ်ပုဆိုးေ>မစွယ် ကျိုးကဲ့သို့ ၀န်ချတောင်းပန်ပါတယ်။ ကျွန်တော့်အပေါ် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ပြစ်မှားခဲ့ဖူးရင်လည်း လုံးဝ
ကျေနပ်နားလည်စွာနဲ့ ခွင့်လွှတ် ကျေအေးပါတယ်။ ပြီးခဲ့တာ၊ ဖြစ်ခဲ့တာအားလုံးကို သင်ပုန်းချေပါတယ်။
အားလုံးကိုလည်း ကျေအေးကျေနပ်ပါလို့ မေတ္တာ ရပ်ခဲ့အပ်ပါတယ်။
ကျွန်တော်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် လက်ဆုံ ထမင်းစားပါရစေ။ ပျော်ပျော်ရွှင်ရွှင်စကားတွေဖောင်ဖွဲ့
အောင်ပြောပါရစေ။ ကျွန်တော်တို့အားလုံး ပျော်ရွှင် ကြည်နူးနိုင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ အဲဒီ တာဝန်ကို ခင်ဗျားတို့လည်းယူပါခင်ဗျား။
လာရင်ကျေနပ်ပါတယ်။ စားပေးရင်ကျေနပ် ပါတယ်။ ပြုံးတဲ့နှုတ်ခမ်းနဲ့ ပျော်နေတဲ့ မျက်လုံးတွေကို မြင်ခွင့်ရရင် အိုကေပါပြီ။
(အမှတ်တရအဖြစ် လက်ဆောင်ပေးခြင်းကိုသည်းခံပါ)
အားလုံးရဲ့ မောင်ဒဂုန်၂၀၀၈-ခုနှစ်အတွတ် အမျိုးသား စာပေဆု (သုတပဒေသာ-၀ိဇ္ဇာ)ဆုကို ]ရာဇ၀င်ထဲမှာပုဏ္ဏား} စာအုပ်ရေးသားတဲ့ ဒေါတ်တာဒဂုန်(ဏ့.ီ)(ဗျအမသ)က ရရှိခဲ့ပါတယ်။ ဒေါတ်တာဒဂုန်က အမျိုးသားစာပေဆု ရရှိခြင်းအထိမ်းအမှတ် မိတ်ဆုံစားပွဲနဲ့ ရရှိခဲ့တဲ့ဆု တွေကို ကိုယ်ကျိုးမသုံးဘဲ အလှူငွေပြန်လည်ပေးအပ် တဲ့ အခမ်းအနားကို ဇန်န၀ါရီ ၈ ရက်နေ့က သန္တိသုခ ကျောင်းတော်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ သုတပဒေသာ(၀ိဇ္ဇာ)ဆုကို၂၀၀၈ခုနှစ်အတွက် စာအုပ်ပေါင်း ၂၄၇ အုပ်ထဲမှာမှ စိစစ်ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ဆရာဒဂုန်က ရှင်းလင်းပြောပြပြီး ရရှိတဲ့ဆုငွေကျပ် ၃သိန်းအနက် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို အလှူငွေကျပ် ၁သိန်း၊စာနယ်ဇင်းရန်ပုံငွေအတွက်ကျပ် ၅သောင်း၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ကို ကျပ်၅သောင်းနဲ့ သာသနာရေး ကိစ္စအတွက် ဦးတေဇာဘာသကို အလှူငွေကျပ် ၁သိန်း အသီးသီးလှူဒါန်းခဲ့ပါတယ်။ ဖေဖော်ဝါရီ-၂၈ရက်နေ့ မန္တလေး ပုဏ္ဏားအဖွဲ့ကဆရာကြီးကို ဂုဏ်ပြုမယ့်ပွဲမှာလည်း မန္တလေးပုဏ္ဏားအဖွဲ့ကို အလှူငွေထပ်မံလှူဒါန်းဦးမယ်လို့ သိရပါတယ်။
0 comments
အမျိုးသားစာပေ(သုတပဒေသာ-၀ိဇ္ဇာ)ဆုရ ဒေါတ်တာဒဂုန်၏ အလှူငွေပေးအပ်ပွဲ
Published on Tuesday, November 27, 2012 in အမျိုးသား စာပေဆု
Related Posts
Labels:
အမျိုးသား စာပေဆု
Subscribe to:
Post Comments (Atom)
No Response to "အမျိုးသားစာပေ(သုတပဒေသာ-၀ိဇ္ဇာ)ဆုရ ဒေါတ်တာဒဂုန်၏ အလှူငွေပေးအပ်ပွဲ"
Add Your Comment