အမှုခင်းရှိနေရင် ပြဿနာအခက်အခဲရှိနေရင် အဆင်ပြေမပြေ၊ နိုင်မနိုင်၊အောင်မအောင်ဆိုတာကိုပဲ သိချင်သလား………….
လုပ်ငန်းကိုင်ငန်း၊ စီးပွားရေးရာပဲသိချင်သလား၊ ခရီးသွားတဲ့သူ
ပြန်ရောက်မရောက်ကိုမှ သိချင်သလား၊ ပျောက်သွားတဲ့ပစ္စည်းပြန်ရနိုင်။ မရနိုင်ကိုပဲသိချင်သလား
သဒ္ဓါတရားထက်သန်လို့ လှူချင်၊ တန်းချင်လို့ ဘာလှူရမှန်းမသိဘဲဖြစ်နေ သလား……… သိပ်သိချင်နေတယ်ဆိုရင် ဟောဒီလိပ်ကလေးကိုမေးကြည့်ပါ။
မေးတဲ့အခါမှာ
ဒီအတိုင်းမေးလို့ကတော့ ဘယ်ဖြေမ လဲ၊ သူ့ရဲ့ခြေတွေ၊ လက်တွေကို လက်ညှိုးနဲ့ ထောက်မှ သူကဖြေတာ၊
အဲဒီတော့ မေးတဲ့အခါမှာ ထောက်ချင်တဲ့ တစ်နေရာကို
လက်ညှိုးနဲ့ထောက်၊ ကိုယ်ထောက်မိတဲ့ခြေ(ဒါမှမဟုတ်)
လက်မှာဘာဂဏန်းရှိလဲဆိုတာကြည့်၊ အဲဒီဂစန်းက ညွန်ပြတာကို ဟောဒီမှာဖက်ကြည့်ပါ။ စနစ်တကျဖြေပေးလိမ့်မယ်။ ကိုယ်ကိုယ်တိုင် လက်နဲ့မထောက်ချင်လဲ ကလေး တစ်ယောက်ကိုထောက်ခိုင်းလို့ရပါတယ်။
လက်ဝဲလက်(၁)ဂဏန်းအဟောများစီးပွားရေး
။ ။ စိတ်ထောင်းကိုယ်ကြေပြီး သောက များနေတယ်၊
စီးပွားဥစ္စာဖြစ်ပေမယ့် အကုန်အကျ များတာကြောင့် ရသမျှအဖက်မတင်ဘဲ ရှိနေတက် တယ်၊ ခြေလေးချောင်း၊
ခြေနှစ်ချောင်းထွက်နိုင်တယ် အမှုကိစ္စ ။ ။ ကိုယ့်ဘက်က ရှုံးနိမ့်နိုင်တယ်၊ (ဒီကိစ္စအတွက် လှူချင်ရင် ထီမထိုးခင်
ဆီမီးသက် စေ့လှူပါ၊ ဒါမှမဟုတ် ကြက်လျှာအလံ ၁၁ခု လှူပါ။ မွေးနေ့မှာ သပြေလှူပြီးညောင်ရေလောင်းပါ ဆုတောင်းပါ။)
ခရီးယာယီ ။ ။ ခရီးထွက်သွားတဲ့သူအကြောင်း သွားမေးရင် သုံးရက်လောက်
မျှော်နေရမယ်၊ ပြန်ရောက်ရင် ၆ရက်ကြာရင် ခရီးသွားတဲ့လူရဲ့ သတင်းကို တိတိကျကျကြားရမယ်။ ကျန်းမာရေး ။ ။ နေမကောင်းတဲ့သူ
သွားမေးရင် ချွေးငုတ်လိမ့်မယ်၊ ပြီးတော့ဝမ်းချုပ်ပြီး ရင်ထဲမှာပြည့်ကယ်နေမယ်၊ ကျွေးသင့်တဲ့ဓာတ်စာ ကတော့ ရှောက်သီးကို ငရုတ်သီးနိုင်နိုင်နဲ့ သုပ်ပြီး ၃ရက်ဆက်တိုက်ကျွေးပါ၊တေဇောဓာတ်အားပေးတာဖြစ်ပါတယ်။
ပစ္စည်းပျောက်
။ ။တစ်ခြားလူလက်ထဲရောက်သွားပြီမို့ပြန်ရဖို့မလွယ်ပါဘူး၊
လက်ဝဲခြေ (၂) ဂဏန်းအဟောများ
စီးပွားရေး
။ ။ စန်း လဂ်ဇာတာတက်မယ်၊ လူပုံ အလယ်မှာ ကျော်ဇောမယ်၊
ထင်ရှားထွန်း တောက် မယ်၊ စီးပွားရေးကောင်းမွန်လာမှာဖြစ်သလို၊ အချစ်ရေးလည်းအဆင်ပြေလာပါလိမ့်မယ်။ အမှုကိစ္စ ။ ။ စိတ်မပုပါနဲ့ သေချာပေါက်နိုင်မှာပါ။ ကဲ ….. ကျေနပ်တယ်မဟုတ်လား။
ခရီးယာယီ
။ ။ နေမကောင်းတဲ့သူသွားမေးရင် ဆေးကုသမှုခံယူရပါလိမ့်မယ်၊
ဒီလူနာဟာ ပထ၀ီ ငုပ်ပြီး ၀မ်းသက်၊ လေချုပ်ဖြစ်နေတာပါ၊ ကင်ပွန်းချဉ် ဓာတ်စာပေးသင့်ပါတယ်။ ပစ္စည်းပျောက်။ ။ ပျောက်သွားတဲ့ပစ္စည်းပြန်ရနိုင်ပါတယ်။ လှူချင်ရင်မွေးနေ့မှာ မြေဇာပန်းလှူပြီး
ညောင်ရေလောင်းပါ၊ အလိုရှိတာကို ဆုတောင်းပါ။
လက်ယာလက် (၄) ဂဏန်းအဟောများ
စီးပွားရေး
။ ။ ရွှေဝင်မယ်၊ ခြေနှစ်ချောင်းဝင်မယ်၊ စီးပွားလဘ်လာဘရွှင်မယ်၊ လုပ်ငန်းချဲ့ရင်ချဲ့ပါ၊
ဘာမှမပူပါနဲ့ လုပ်ချင်တဲ့အလုပ်တွေ အောင်မြင်မှာ ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားပါ။
စီးပွားရေး
။ ။ ခဏနဲ့ မပြီးပြတ်နိုင်ဘူး၊ ခဏခဏ ရုံးချိန်းခေါ်လိမ့်မယ်၊ ဒါပေမယ့် နောက်ဆုံးကျ ကိုယ်ကပဲ
နိုင်မှာပါ၊ အခတ်အခဲပြဿနာတွေ ရှိနေ လည်း ကိုယ်ကရင်ဆိုင်ဖြေရှင်းရပေမယ်။ သူက ရှောင်ဖယ်ပြီး၊
ပြဿနာအသစ်တွေ ထပ်လုပ်နေ တာကြောင့်လိပ်ခဲတည်းလင်းဖြစ်နေမယ်တကယ်တမ်းရင်ဆိုင်ဖြေရှင်းရင်တော့ကိုယ်ကပဲအသာစီးနဲ့
အနိုင်ရနိုင်ပါတယ်။
ခရီးယာယီ
။ ။ ခရီးသွားသူဟာ မိတ်ဆွေကောင်း အပေါင်းအသင်းဟောင်းတွေနဲ့ တွေ့နေပြီး ၇က်ကြာ နေမယ်၊ အနည်းဆုံးဒီနေ့က စရေရင် ၁၂ရက် ကြာပြီးမှ
ပြန်ရောက်လာမယ်၊ သိပ်စိတ်မပူပါနဲ့၊ ဘာအန္တရာယ်မှ မရှိပါဘူး၊ အကြံအစည်တွေလည်း အဆင်ပြေမှာပါ။
ကျန်းမာရေး။ ။ သင့်ကိုယ်Yက
လေကြောင့်ဝမ်းရင် ဘတ်မှာ ဥပါဒ်ဖြစ်နိုင်ပါတယ်။
လူနာသွားမေးရင် တော့ အပူအားကြီးပြီး နေပါတယ်။ နေ့စသ်အုန်းရေ ကို တိုက်ကျွေးပေးပါ၊ တဖြည်းဖြည်းနဲ့ သက်သာ လာပါလိမ့်မယ်၊
ရောဂါပျောက်ဖို့ အချိန်ယူရမှာမို့ စိတ်ရှည်ရှည်ထားပါ။
လူနာကိုအားပေးစကား ပြောပါ၊ စိတ်ချမ်းသာအောင် တက်နိုင်သရွေ့ လိုက်လျောပါ။
ပစ္စည်းပျောက် ။ ။ သိပ်ရှာမနေပါနဲ့ အနိစ္စ တရားလို့သာဖြေပါ၊ ပစ္စည်းသင်္ခါရ၊
လူသင်္ခါရပဲပေါ့ ရှာရှာ၊ မရှာရှာ ၁၅ ရက်ကြာရင်
ပစ္စည်းပျောက်အ ကြောင်း သတင်းကောင်းကြားရမယ်၊
ဒါပေမယ့် ပြန်ရဖို့တော့မလွယ်ပါဘူး။ လက်ယာခြေ (၁) ၈-တန့်အဟောများ
လက်ရှိအခြေအနေ
။ ။ သူခိုးရန်၊ မီးရန်ကြောင့် သောက ဗျာပါဒများနေတယ်၊ ကိုယ့်စကားက ဘာမှအရာမရောက်ပဲ သြဇာအာဏာစက်သိပ်နည်း နေပါတယ်၊လှူချင်တန်းချင်ပေမယ့်အခြေအနေကမပေးဘူး၊
အကြံအစည်လည်းမ အောင်မြင်နိုင်ပဲ ရှိနေမယ်။
အမှုကိစ္စ ။ ။ ဘယ်လိုပဲဖြစ်နေနေ အမှုကိစ္စက မြန်မြန်ပြီးမှာ ဖြစ်သလို၊ လုံးဝရှုံးပါမယ်၊ ဒါပေမယ့်၊ စိတ်အားပျက်ပြီးမနေပါနဲ့၊ ရေတော် ၉ခွက်၊ ယပ် ၃၅ ချောင်း၊ တံခွန်သက်စေ့ကို ဆီမီးနဲ့တကွ လှူပါ၊ မွေးနေ့မှာလည်း အုန်းညွန့်၊ ထန်း၊ သပြေတို့နဲ့
ညောင်ရေသွန်းလောင်းပြီး လိုရာဆုတောင်းပါ။
ခရီးယာယီ ။ ။ ခရီးသွားတဲ့သူ ပြန်လာမယ့်ရက် ဝေးပါသေးတယ်၊ ဒါပေမယ့် ဘေးအန္တရာယ်မရှိပါဘူး စိတ်မပူနဲ့၊ ခရီးလွန်နေလို့ပါ။
ကျန်းမာရေး
။ ။ လူနာရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေပါတယ်။ သူ့အတွက်ကောင်းမှု ကုသိုလ် ပြုချင်တယ်ဆိုရင် ဇီဝိတဒါနပြုတဲ့ အနေနဲ့ငါး၊ ကြက်၊
လွှတ်ပေးပါ၊ ညောင်ပင်မှာ ၀ါးလုံးထောက်ပါ၊ တံတား အို တံတားဟောင်းတွေပြုပြင်ပေးပါ၊ တံတားလိုလျက် နဲ့ မရှိရင် တံတားခင်းပေးပါ၊ ကိုယ့်အိမ်ကဘုရားကို လည်း ဆွမ်းသက်စေ့ ရေချမ်းသက်စေ့လှူပါ။ ပစ္စည်းပျောက် ။ ။ ပျောက်သွားတဲ့
ပစ္စည်းအ တွက် သံယောဇဉ်ဖြတ်လိုက်ပါတော့၊ အဟောင်းသွား ရင် အသစ်လာမှာပေါ့၊ အနောက်ဘက်ဆီကို
ဝင်သွား တဲ့နေမင်းကြီးကို တောင့်တနေမယ့်အစား၊
အရှေ့ ဘက်ဆီကထွတ်လာမယ့် လစန္ဒာကို မျှော်လင့်တာ က ပိုပြီး စိတ်ချမ်းသာစရာ ကောင်းပါတယ်။
ဝေဒင်္ဂရဲ့ လိပ်ကလေးက
သိပါတယ်။
ကျေနပ်ပါတယ်နော်

No Response to "လိပ်ကလေးကိုမေးကြည့်ပါ။"
Add Your Comment