၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

အရိုး အရွက်က အဆုံးအဖြတ်ပေးတဲ့ သီးနှံအဆံအနှစ်များ

Published on Tuesday, January 15, 2013 in


လူတစ်ယောက်ရဲ့ လက်အသွင်အပြင်ကို မြင် ရရုံနဲ့ ဒီလူဟာ ဘာအလုပ်မျိုးနဲ့ အသက်မွေးမှုပြု နေသူဖြစ်မယ်ဆိုတာကို အတိအကျပြောနိုင်ဖို့        မလွယ်ပေမယ့် ဘယ်လိုအလုပ်မျိုးနဲ့တော့ လျော် ကန်မယ်ဆိုတာကို အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
          လူတစ်ယောက်ရဲ့လက်ကို ကြည့်လိုက်လို့ ဒီလူရဲ့လက်ချောင်းများရဲ့ ဒုတိယအဆစ်တွေဟာ ကြီးထွားနေပြီး လက်မဟာလဲ သန်မာနေရင် ဒီလူ ဟာသင်္ချာတော်သူ သင်္ချာကို စိတ်ဝင်စားသူ ဖြစ်ပါ မယ်။ ကျောင်းသားဆိုရင်လဲ သင်္ချာတွက်နေရရင် ပျော်နေတတ်တဲ့ ဥာဉ်မျိုးရှိပါမယ်။
          တကယ်လို့ ဒီကျောင်းသားကလေးဟာ ကြီး ပြင်းလာတဲ့တစ်နေ့ရတဲ့ ဘွဲ့ကလဲ စာရင်းအင်းနဲ့ ဆိုင်တဲ့ဘွဲ့ဖြစ်ရင် သူဟာစာရင်းအင်းကိုင်ရတဲ့အလုပ် ကိုဦးစားပေးရွေးချယ်သူဖြစ်ဖို့များပါတယ်။
          တစ်ချို့ကလေးသူငယ်တွေကို တွေ့ဖူးကြပါ လိမ့်မယ်၊ အရွယ်နဲ့မလိုက်အောင် စကားတတ်ပြီး ကိစ္စအတော်များများမှာ ဆင်ခြေတက်ရမှ ကျေနပ် လေ့ရှိပါတယ်။ ကြီးပြင်းလာတဲ့ အခါကျတော့လဲ   ရှေ့နေရှေ့ရပ်ဖြစ်ချင်တဲ့အတွက် ဥပဒေပညာကို       မတတ်တတ်အောင် သင်ယူလေ့ရှိကြပါတယ်။
          ပညာသင်ချိန်မှာ ဥပဒေဘွဲ့ကိုတိုက်ရိုက်မရခဲ့ တဲ့တိုင် ဘွဲ့ရပြီးတဲ့နောက် အထက်တန်းရှေ့နေ စာမေးပွဲလေးလောက်တော့ အောင်အောင်ဖြေလိုက် လေ့ရှိပါတယ်။
          တကယ်လို့များ ဒီကလေးရဲ့လက်ဖ၀ါးပြင်ကို လက္ခဏာပညာ တတ်ကျွမ်းတဲ့လူက စစ်ဆေးခွင့်ရ မယ်ဆိုရင် ခုလိုထူးခြားတဲ့အမှတ်လက္ခဏာတွေ၊ လက်ပုံစံတွေလို တွေ့ရမှာဖြစ်ပါတယ်။
          ဒီလူရဲ့လက်ဖ၀ါးပြင်ပေါ်က ဂြိုဟ်ခုံတွေကို ကြည့်လိုက်တဲ့အခါ ပြည့်ပြည့်ဖြိုးဖြိုး ရှိနေကြတဲ့ ကြာသပတေးဂြိုဟ်ခုံနဲ့ ဗုဒ္ဓဟူးဂြိုဟ်ခုံတွေကို တွေ့ရ မှာဖြစ်ပါတယ်။
          ဒီလူရဲ့ လက်သန်းကို အကဲခတ်လိုက်တဲ့အခါ ပထမအဆစ်ဟာ ရှည်ရှည်လျားလျားကလေး ဖြစ်နေ ပါလိမ့်မယ်၊ တစ်ခါ လက်မကို ကြည့်လိုက်ပြန်ရင်လဲ ဒုတိယအဆစ်ဟာ ဗြက်ကျယ်ပြီး ရှည်လျားနေပါလိမ့် မယ်။
          ဆက်လက်ပြီး လက်ဖ၀ါးပြင်ပေါ်က အဓိက လမ်းကြောင်းတွေ ဖြစ်ကြတဲ့ ကံလမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်းနဲ့ အောင်မြင်ရေးလမ်းကြောင်း တွေဟာ အနေအထားတွေ ကောင်းပြီးထင်ထင် ရှားရှားရှိနေကြပါမယ်။
          ကြာသပေးဂြိုဟ်ခုံပေါ်မှာ မားမားမတ်မတ် ကြီးရပ်နေတဲ့ လက်ညှိုး(ကြာသပတေးလက်ချောင်း) ကိုကြည့်လိုက်တဲ့အခါမှာလဲ အချိုးကျနနေတာကို တွေ့ရမှာဖြစ်ပါတယ်။
          ဆရာဝန်ပဲ၊ ကြိုးစားရင်ဖြစ်မှာပေါ့၊ ဆရာဝန် ဖြစ်မယ့်လက်ရယ်လို့ ရှိသေးသလားလို့ မေးရင်ရှိ ပါတယ်လို့ပဲဖြေရပါလိမ့်မယ်။ သူ့ရူပနဲ့သူ့အလုပ် ဆိုတဲ့စကားရှိတယ်မဟုတ်ပါလား။
          အလုပ်ကြမ်းလုပ်ရမယ့် ရုပ်ဆင်းအင်္ဂါမျိုးနဲ့ လူတစ်ယောက်ဟာ ဆေးပညာကို ဆုံးခန်းတိုင်တတ် မြောက်ပြီး ဆရာဝန်တစ်ယောက်မဖြစ်လာမှာ သေ ချာပါတယ်။
          ဒါကစကားပလ္လင်ပါ၊ တကယ်လို့ ဆရာဝန် တစ်ဦးရဲ့လက်ဖ၀ါးကို သေသေချာချာ စစ်ဆေးခွင့် ရခဲ့ရင် ဆရာဝန်ဖြစ်တဲ့လူရဲ့ လက္ခဏာအမှတ်အသား တွေ၊ လမ်းကြောင်းတွေနဲ့ လက်ရဲ့အသွင်သဏ္ဍာန် တွေဟာ ဒီလိုပါလားဆိုတဲ့ အသိကိုရလာမှာ ဖြစ်ပါ တယ်။
          ကဲ..ဆရာဝန်တစ်ယောက်မှာ ရှိနေတတ်တဲ့ အမှတ်လက္ခဏာကလေးတွေကို ကြည့်ကြရအောင်။
          အောင်မြင်ရေးလမ်းကြောင်းဟာ အတော့်ကို ထင်ထင်ရှားရှားကလေးရှိပါမယ်။ ဗုဒ္ဓဟူးဂြိုဟ်ခုံကို လေ့လာကြည့်လိုက်တဲ့အခါ အထက်အောက်မို့မို့ မောက်မောက်ကလေး ဖြစ်နေပါလိမ့်မယ်။
          လက်ချောင်းများဟာ ကွေးကောက်တဲ့အသွင် မျိုးရှိနေတတ်ကြပါတယ်။ လက်ချောင်းထိပ်ပိုင်းဟာ မသိမသာဝိုင်းပြီး အောက်ဘက်ကို ရှူးနေပါမယ်။
          လက်ဖ၀ါးပြင်ရဲ့ အနေအထားကို အကဲခတ် လိုက်တဲ့အခါ လက်ချောင်းရင်းဘက်မှာ ကားနေ မယ်။ ပြီးတော့လက်ကောက်ဝတ်ဘက်ကို ရှူးသွားပါ မယ်။ တစ်ချို့လက်တွေကျတော့ လက်ကောက်ဝတ် ၀ိုင်းကားပြီး လက်ချောင်းတွေဘက်ကို ရှူးသွားလေ့ ရှိပါတယ်။
          လက်ဖ၀ါးပြင်ဟာ တစ်ခါတစ်ရံမာကြောပြီး တစ်ချို့ပျော့ပျော့ပျောင်းပျောင်းနဲ့ ချောမွတ်နေပါ တယ်။ ဒါကိုလှုပ်ရှားလက်လို့ သတ်မှတ်ပါတယ်။
ထက်မြက်လက်လို့လဲခေါ်ပါတယ်။
          ဆရာဝန်ဆိုတဲ့ နေရာမှာ တစ်ခါသာမာန် ဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန် ခွဲခြားဖို့လိုပါမယ်။ ဘာ ကြောင့်လဲဆိုတော့ ခွဲစိတ်ဆရာဝန်ရဲ့ လက်ချောင်း များဟာ သိသိသာသာရှည်လျားနေသလို လက်ဆစ် များဟာလဲ ပြေပြေပြစ်ပြစ်ကလေး ရှိနေတတ်ကြလို့ ပါပဲ။
          ဆေးဘက်ဆိုင်ရာဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန် နှစ်မျိုးစလုံးမှာ တူညီတဲ့အချက်ကတော့ တနင်္လာ ဂြိုဟ်ခုံ(လက်သန်းအောက် တည့်တည့် လက်ဖမိုးနေ ရာ)ပြည့်ပြည့်ဖြိုးဖြိုး  ရှိနေကြခြင်းပါပဲ။
          ဆရာဝန်ဆိုတာ လူ့အကျိုးဆောင်ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်တဲ့လူတွေဟာ ငယ်စဉ် အချိန်ကတည်းက လူတွေကိုဆက်ဆံတဲ့နေရာမှာ ညင်သာကြင်နာပြီး တတ်နိုင်တဲ့ အကူအညီပေးလေ့ ရှိကြပါတယ်။
          တစ်ချို့လူငယ်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက တီးတယ်၊ မှုတ်တယ်၊ ဆို တယ်၊ ကတယ်နဲ့ ဂီတအနုပညာကို အထူးဝါသနာ ကြီးတတ်ကြပါတယ်။ အထူးသဖြင့် အတီး၊ အမှုတ်စ တဲ့ပညာရပ်တွေကို သင်ယူလေ့လာရင်း ဂီတ ပညာရှင်ဘ၀ကို ရောက်ကြရပါတယ်၊ တစ်ချို့လဲ စန္ဒရားတီးရာမှာ အထူးကျွမ်းကျင်ပြီး နိုင်ငံကျော်တွေ ဖြစ်လာကြရပါတယ်။
          တိတိကျကျပြောရရင် သူတို့ဟာ ကြိုးတပ် တူရိယာကို တီးခတ်တဲ့နေရာမှာ ကျွမ်းကျွမ်းကျင် ကျင်ရှိတတ်ကြပါတယ်။
          ဒီလိုဂီတပညာရှင်တွေရဲ့လက်ချောင်းများဟာ ရှည်ရှည်လျားလျားကလေးရှိနေတတ်ကြပါတယ်။ သူတို့ရဲ့လက်ဖ၀ါးပြင်ကိုဖြန့်ပြီး ကြည့်ရင် ဂြိုဟ်ခုံ တွေထဲက စနေဂြိုဟ်ခုံဟာ အထူးဖွံ့ဖြိုးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ရဲ့လက်ခလယ်ကို သတိထားပြီးကြည့်လိုက်တဲ့အခါမှာလဲ သာမန်ထက် ရှည်လျားလျားကလေးရှိနေတတ်ပါတယ်။
          ဂီတပညာရှင်တွေအနက် ဂီတစာဆို (သီချင်း ရေးသူ)များရဲ့ အခန်းကဏ္ဍဟာလဲ အရေးပါလှပါ တယ်။ တကယ်လို့ အောင်မြင်နေတဲ့ဂီတစာဆို      တစ်ဦးရဲ့လက်ကို လက္ခဏာ ပညာမျက်စိနဲ့ မှတ်တမ်းတင်ခွင့်ရမယ်ဆိုရင် သူတို့ရဲ့လက်ဖ၀ါး ပြင်ပေါ်ကတနင်္ဂနွေဂြိုဟ်ခုံ(လက်သူကြွယ်ခြေရင်း နေရာ)နဲ့ သောကြာဂြိုဟ်ခုံ
(လက်မအောက်နေရာ) တွေဟာ အထူးတလည် ဖွံ့ဖြိုးနေကြတာကို တွေ့ရ မှာပါပဲ။
          သူတို့ရဲ့လက်ချောင်းကလေးတွေဟာ လေး ဒေါင့်အသွင်သဏ္ဍာန်၊ ဒါမှမဟုတ် ဖုထစ်လက်အမျိုး အစားဖြစ်နေတာကို တွေ့ရပါမယ်။
          ဂီတပညာရှင်တွေရဲ့စာရင်းထဲမှာ ထည့်လို့ရ တဲ့အဆိုတော်များရဲ့လက်ကို တစ်ဖန်လေ့လာကြည့် ကြပါဦးစို့။
          တကယ်လို့များ အဆိုတော်တစ်ဦးရဲ့ လက် ကိုစစ်ဆေးခွင့် ရမယ်ဆိုယင် သူ့ရဲ့လက်ချောင်း ကလေးများဟာ ချောမောပြေပြစ်မှုနဲ့ မပြေပြစ်မှု နှစ်ရပ်ရောနှောနေတဲ့အခြေအနေကို တွေ့ရမှာဖြစ်ပါ တယ်။ သူတို့ရဲ့ ဂြိုဟ်ခုံအားလုံးဟာ မို့မို့မောက် မောက်ရှိနေကြတဲ့အပြင် ဂြိုဟ်ခုံအားလုံးထဲမှာ       သောကြာဂြိုဟ်ခုံဟာ ကြီးကြီးမားမား ကျယ်ကျယ် ပြန့်ပြန့် ရှိနေပါလိမ့်မယ်။
          သူတို့ရဲ့လက်ဖ၀ါးပြင်ကို ထိတွေ့ကြည့်ခဲ့ရင် ပျော့ပျော့ပျောင်းပျောင်း နူးနူးညံ့ညံ့ရှိနေကြတာကိုလဲ ခံစားရပါမယ်။
          ဒီလိုလက္ခဏာရှင်တွေဟာ ကလေးဘ၀ ကတည်းက ကစားရင်အတီးအမှုတ်၊ အကအခုန်ကို ဦးစားပေးရွေးချယ်ပြီး ကစားလေ့ရှိတာကို မှတ်တမ်း တင်ဖော်ပြရမှာပါပဲ။
          နောင်ကြီးပြင်းလာတဲ့အခါမှာလဲ ဂီတပညာနဲ့ ပဲရပ်တည်တာကိုတွေ့ရပါမယ်။
          ခု-နောက်ဆုံး စာပေနဲ့အသက်မွေးတဲ့စာပေ ပညာရှင်ရဲ့လက်မျိုးဆိုတာ ဘယ်ပုံဘယ်နည်းရှိတတ် တယ်ဆိုတာကို လေ့လာကြည့်ကြပါမယ်။
          ရှေးခေတ်အခါကတော့ စာပေဆိုတာ ပျို့၊ ကဗျာ၊ လင်္ကာလောက်ပဲ အသုံးပြုကြတာများပါ တယ်၊ ခုအချိန်မှာတော့ စာပေဆိုတဲ့နေရာမှာ ရုပ်ရှင် ဇာတ်ညွှန်းရေးတဲ့အလုပ်၊ ရုပ်ပြဇာတ်လမ်းရေးပေးတဲ့ အလုပ်တွေကပါ တိုးချဲ့ပြီး ၀င်လာတဲ့အတွက် အတော့်ကိုကျယ်ဝန်းနေပါပြီ။
          ဒါပေမယ့် စာပေလုပ်ငန်းထဲမှာပဲ အကြုံးဝင် နေတဲ့အတွက် စာပေပညာရှင်တွေမှာ တွေ့ရတတ် တဲ့လက်အနေအထားကိုပဲ အဓိကထား လေ့လာရ မှာဖြစ်ပါတယ်။
          စာပေပညာရှင်ရဲ့လက်ဖ၀ါးပြင်ကို လေ့လာ ကြည့်လိုက်တဲ့အခါ တနင်္လာဂြိုဟ်ခုံ(လက်သန်း အောက်တည့်တည့်၊ လက်ဖ၀ါးစောင်းနေရာ)ဟာ ကျယ်ကျယ်ဝန်းဝန်းကလေး ရှိနေတတ်ပါတယ်။
          ဦးခေါင်းလမ်းကြောင်း(ဥာဏ်လမ်းကြောင်း)ဟာ တနင်္လာဂြိုဟ်ခုံဘက်ကို ရောက်နေလေ့ရှိပါ တယ်၊ လက်ချောင်းကလေးတွေကို သတိထားပြီး ကြည့်လိုက်တဲ့အခါ လှလှပပနဲ့ အဖျားရှူးပြီး ချော ချောမွေ့မွေ့ရှိနေကြတာကို တွေ့ရမှာဖြစ်ပါတယ်၊ သူတို့ရဲ့လက်ဖ၀ါးပြင်ပေါ်က ဂြိုဟ်ခုံတွေကို လေ့ လာကြည့်လိုက်တဲ့အခါ ကြာသပတေးဂြိုဟ်ခုံ(လက် ညှိုးအောက်ခြေနေရာ)နဲ့ တနင်္လာဂြိုဟ်ခုံတို့ဟာ မို့မို့မောက်မောက်ကလေး ရှိနေတတ်ကြပါတယ်။
          သူတို့ရဲ့လက်ချောင်းကလေးတွေကို သတိ ထားပြီးအကဲခတ်လိုက်ရင်တော့ လက်သူကြွယ်ဟာ ရှည်ရှည်လျားလျားကလေးရှိမယ်။ လက်သူကြွယ်ရဲ့ ထိပ်ဟာ လေးဒေါင့်အသွင်ကို ဆောင်နေပါမယ်။
          လက်ချောင်းကလေးတွေရဲ့ဒုတိယလက်ဆစ် ပိုင်းဟာ ဖုထစ်နေတာကို တွေ့ရပါလိမ့်မယ်။ (၀ါ) ဒုတိယလက်ဆစ်ကြီးတယ်လို့ ဆိုရပါမယ်၊ စာပေ ပညာရှင်ဆိုတဲ့အထဲမှာ စာပေဝေဖန်သူ ပညာရှင်က လဲအပါအ၀င်ဖြစ်တဲ့အတွက် သူရဲ့လက္ခဏာကိုပါ ထည့်သွင်းဖော်ပြပေးရမှာဖြစ်ပါတယ်။
          တကယ်လို့ စာပေဝေဖန်သူရဲ့ လက်ကို     လေ့လာခွင့်ရမယ်ဆိုရင် သူရဲ့လက်ဖ၀ါးပြင်ပေါ်က ဗုဒ္ဓဟူးဂြိုဟ်ခုံ(လက်သန်းအောက်ခြေနေရာ)ဟာ သိ သိသာသာမို့မောက်ပြီး ထင်ရှားနေမှာဖြစ်ပါတယ်။
          လက်ချောင်းများရဲ့ ဒုတိယအဆစ်များ ဖုထစ် နေကြပါလိမ့်မယ်၊ အခုတင်ပြခဲ့တဲ့ စာပေပညာရှင် တွေဟာ တောက်အံ့ဆဲဆဲ အလျှံတရဲရဲဆိုသလို ငယ် စဉ်ဘ၀ကတည်းက စာပေ၀ါသနာကြီးခဲ့သူတွေဖြစ် ပြီးစာပေနယ်မှာ နာမည်တစ်လုံးရအောင် အထူး     တလည်ကြိုးပမ်းခဲ့ကြသူတွေလဲဖြစ်ပါတယ်။

Spread The Love, Share Our Article

Related Posts

No Response to "အရိုး အရွက်က အဆုံးအဖြတ်ပေးတဲ့ သီးနှံအဆံအနှစ်များ"

Add Your Comment