ငယ်ငယ်တုန်းက ကိုယ်ကတစ်နည်းနည်းနဲ့
စိတ်ဝင်စားတဲ့လူကို ဒါမှမဟုတ် ကိုယ့်ပေါ် ခင်မင် တွယ်တာနေသူက ပန်းအစိုလေးတွေ၊
ဒါမှမဟုတ် ပန်းအခြောက်ကလေးတွေ ပေးလေ့ပေးထရှိကြတာ၊ လက်ခံရတာတွေရှိခဲ့ဖူးမှာပါ။
ဒီယဉ်ကျေးမှုကလေးဟာ
အနောက်တိုင်းမှာ လည်းရှိနေပါတယ်၊ ပန်းလက်ဆောင်လို့ခေါ်ပါတယ်။
ကိုယ့်ကိုယ်စားပန်းကိုစကားပြောခိုင်းတဲ့နည်းပညာကလေးဆိုပါတော့၊
သိမ်မွေ့နက်နဲသလိုစိတ်ဝင်စားစရာလည်းကောင်းပါတယ်၊ ပေးလေ့ရှိတဲ့ပန်းတွေကတော့
စုံလို့ပါပဲ၊ ဒါတွေထဲက လက်လှမ်းမီသလောက်ကို တင်ပြပေးလိုက်ပါတယ်။
ကောင်မလေးက
ကောင်လေးနဲ့ ဘာလိုလို တော့ဖြစ်နေပါပြီ၊ မိတ်ဆွေအနေနဲ့ဆက်ဆံပြီး တစ်ယောက်အိမ်တစ်ယောက် ၀င်ထွက်သွားလာတဲ့ အဆင့်ကို ရောက်နေကြပြီဆိုပါတော့၊ တစ်နေ့မှာ
ကောင်မလေးက သူ့မေမေအစီအစဉ်မရှိပဲ ဈေးကို ခေါ်သွားလို့ လိုက်သွားရခါနီးမှာ
အိမ်မှာခိုင်းတဲ့မာလီကို
ဒေလီယာအဖြူကလေးတစ်ပွင့်
ခူးပြီး
ကောင်လေးဆီ ပို့လိုက်ပါတယ်။
ကောင်လေးကလည်း
ဖျံကလေးမို့ ကောင်မ လေးအခုလောလောဆယ်အပြင်သွားနေတယ်လို့ အဓိပ္ပာယ်ရတဲ့
ပန်းကလေးကိုသိမ်းထားပြီး ကောင်မ လေးဆီသွားမယ့်အစီအစဉ်ကို ဖျက်လိုက်သတဲ့။
ကောင်မလေးက
ကောင်လေးကို စာနဲ့ရေး ပြောရတာ အခွင့်အရေးမရတဲ့အတွက် သူ့ခြံထဲက
ဒေလီယာပန်းအနီရဲရဲကလေး
တစ်ပွင့်ကိုခူးပြီး၊
ကောင်လေးကိုပေးလိုက်ပါ တယ်။ ကောင်မလေးပြောချင်တဲ့စကားကတော့
သဲလွန်းတော့
ကွဲတတ်ပါသတဲ့၊ တော်ရုံပဲ ကောင်းပါတယ်တဲ့။
တစ်နေ့မှာ
ကောင်မလေးဆီကို ကောင်ကလေးတစ်ယောက်ဆီက
သစ်ခွပန်းကလေးတစ်ပွင့်
ရောက်လာပါတယ်။
ကောင်မလေးက ခပ်ရိုး ရိုးခပ်အေးအေးဆိုတော့ ဘာမှန်းမသိရှာပါဘူး။
ဒါနဲ့ကောင်မလေးက
သူ့ထက်နည်းနည်း လည်တဲ့သူ့သူငယ်ချင်းကို ပန်းကလေးကို သက်သေ ထူပြီး၊
အဓိပ္ပာယ်ကိုမေးသတဲ့၊ ဒီတော့သူ့သူငယ်ချင်း ကဘာမှ ထူးထူးထွေထွေမဟုတ်ပါဘူးကွာ၊
မင်းအခု လိုပဲ သာသာယာယာပျော်ပျော်ရွှင်ရွှင်ကလေး နေနိုင် ပါစေလို့၊
ဆုမွန်ကောင်းတောင်းလိုက်တာပါလို့ ရှင်း ပြသတဲ့။
တစ်ခါက
ကောင်လေးတစ်ယောက်က ည ဘက်နောက်ပိုးထွက်ယင်း သူပိုးနေတဲ့ကောင်မလေး အပြင်ထွက်တာနဲ့
ကြုံနေတာနဲ့ ခြံစည်းရိုးက
ညမွှေးပန်းကလေးတစ်ခက်ကို
ပန်ပေးလိုက်သတဲ့။
ကောင်မလေး
နားမလည်မှာစိုးတဲ့အတွက် ပန်းကလေးကိုကြည့်ပြီး တွေးယူရမယ့် ဆိုလိုချက်က လေးကိုပါ
စာရွက်နဲ့ရေးပေးလိုက်သတဲ့ အဲဒီ့စာက တော့……
ဘာမဆိုမင်းရဲ့အလိုကျအတိုင်း
ဖြစ်ရပါစေ့မယ်။
တစ်ခါက
သိပ်လှတဲ့ကောင်မလေးဆီကို သူ့ ကိုမကြာမကြာ အကြည့်ချင်းဆုံအောင် ကြိုးစားလေ့
ရှိတဲ့ကောင်ကလေးထံက
စံပယ်ပန်းကုံးကလေးတစ်ကုံး
ပို့လိုက်ပါတယ်။ ကောင်မကလေးက ဒါတွေ
နဲ့ပတ်သက်တဲ့၊ ဗဟုသုတကလေးတွေရှိတဲ့အတွက် သူဟာဒီပို့လိုက်တဲ့ ပန်းကလေးလိုပါပဲလို့
ကောင် ကလေးကဆိုလိုက်မှန်းသိသတဲ့။
သင်္ကြန်ကျတဲ့နေ့မှာပဲ
ပိတောက်တွေဝေတဲ့ အတွက် ကောင်ကလေးက သူ့ချစ်သူဆီ
ပိတောက်တစ်ခက်
ခူးပြီးပို့ပေးလိုက်သတဲ့၊
ပိတောက်ခက်က လေးကိုရတော့ ကောင်မလေးက ဘ၀င်ခိုက်ပြီး ပိတောက်ခက်ကလေးကို ရင်မှာပိုက်လျှက်နဲ့
နှစ်နှစ် ခြိုက်ခြိုက်ကလေးပြုံးသတဲ့။
ဒါကိုအနားမှာရှိနေတဲ့
သူ့သူငယ်ချင်းကမေး တော့ကောင်မလေးက ခုလိုဖြေလိုက်ပါတယ်။
တို့ဘ၀ခရီးဖော်တွေအဖြစ်
လက်တွဲကြတဲ့ တစ်နေ့မှာ ဘ၀ရေးစိုပြည်သာယာအောင် သူကတာဝန်ယူပါတယ်လို့ပြောတာပါလို့။
တစ်ခါက
အဆိုကျော်ကလေးအဖြစ်နဲ့ အတော်အတန်
ကျော်ကြားစပြုလာတဲ့ အမျိုးသမီး ကလေးတစ်ယောက်ကို ဘ၀နိမ့်ပါးနေတဲ့ ကောင် ကလေးတစ်ယောက်က
နေကြာပန်းလှလှကြီး
တစ်ပွင့်ကို
ပလတ်စတစ်အိတ်နဲ့ ကျကျနန ထည့်ပြီး လက်ဆောင်ပေးလိုက်သတဲ့။
အဆိုကျော်မလေးက
သဘောတွေကျလို့ ရယ်လိုက်တာ။
အဓိပ္ပာယ်က
ဒီလိုပါ။
ကျော်ကျော်ကြားကြားရှိနေတဲ့
မင်းကိုကိုယ့် လိုကံကြမ္မာညှိုးနေသူက စိတ်မကူးဝံ့ပါဘူးလို့ အဓိပ္ပာယ်ရနေလို့ပါပဲ။
ကောင်မလေးနဲ့
ကောင်ကလေးဟာ တစ်ယောက်နဲ့တစ်ယောက်အချစ်ကြီးပါတယ်။
ဒါပေ မယ့်ဖြစ်ပုံက ကောင်မလေးကဆင်းရဲတယ်။ ကောင်ကလေးကချမ်းသာတယ်။ ကောင်လေးရဲ့ အမေက
သိပ်ဂုဏ်မောက်သတဲ့ ဒါကြောင့်ကောင် မလေးက ရှေ့ရေးကိုတွေးပြီး ကောင်လေးဆီ၊
ဒေါနပန်းကလေး
တစ်ခက်ပို့လိုက်သတဲ့။
ကောင်လေးဟာ
ဒီပန်းခက်ကလေးကိုကြည့် ပြီး ရင်ထဲကနုံးချည့်သွားရှာတယ်။ ဘာကြောင့်လဲဆို
တော့ရင်နာစရာတွေ ပေါ်မလာခင်မှာပဲ ခွဲခွာကြတာ ကောင်းပါတယ်ဆိုတဲ့
အဓိပ္ပာယ်မျိုးရလို့ပါပဲ။
တစ်ခါက
ရေကန်ကြီးတစ်ခု အနားရောက် တော့ကောင်မလေးတစ်ယောက်ကို လူပျိုပေါက်က လေးတစ်ယောက်က
ရည်းစားစကား လိုက်ပြောသ တဲ့၊ အဲဒီ့အခါမှာ ကောင်မလေးက ရေကန်စပ်က
ကြာတစ်ပွင့်ကို
ခူးပြီးပေးလိုက်သတဲ့၊
ကောင်ကလေးက သူ့ စိတ်ကူးနဲ့ သူမြူးပြီး ပြန်သွားသတဲ့။
သေသေချာချာမေးကြည့်လိုက်တော့
ကြာ ပန်းကို ကိုယ်စားပြောခိုင်းလိုက်တာက တစ်မျိုးဖြစ်နေ တော့ကောင်ကလေးခမျာ
စိတ်ဆင်းရဲရှာပါတယ်။ အမြဲတမ်းသစ္စာစောင့်ထိန်းပြီး ခင်မင်တဲ့ မိတ်ဆွေစစ်
တစ်ယောက်အဖြစ်နဲ့ပဲ ဆက်ဆံသွားပါလို့၊ ဆိုလိုက် လို့ပါပဲ။
ကောင်လေးက
ဒီကောင်မလေးကို ချစ်နေ တာကြာပါပြီ။ ဒါပေမယ့် ဘယ်လိုမှ ဖွင့်မပြောရဲဘူး၊ စာပေးဖို့
သတ္တိမရှိဘူး၊ ဒါနဲ့တစ်နေ့ကျတော့…..
သူချစ်နေတဲ့အကြောင်း
ပြောတဲ့၊ အဓိပ္ပာယ် ကိုဆောင်တဲ့
ဆောင်တော်ကူးပန်း
ကလေးကို
ကောင်မလေးဆီရောက်အောင် ပို့လိုက်ပါတယ်။ ဒီအခါမှာ ကောင်မလေးက ဂန္ဓမာ
ပန်းတစ်ပွင့်ကို ပြန်ပို့လိုက်ပါတယ်။
မင်းချစ်ပါတယ်ဆိုတဲ့
စကားကို မယုံစားနိုင်ပါ ဘူးတဲ့။
သူ့မေတ္တာကို
လက်ခံပါလို့ အချိန်တော် တော်ကြာကြာကပဲ တောင်းခံနေပါလို့ လူပျိုကလေး တစ်ယောက်နဲ့
အပျိုကလေးတစ်ယောက် တစ်နေ့ တော့ဈေးထဲကပန်းတွေရောင်းတဲ့အတန်းမှာ မမျှော် လင့်ဘဲ
ဆုံဆည်းမိကြသတဲ့ အဲဒီအခါမှာ မိန်းမပျို လေးက
ဆပ်သွားဖူးပန်းတစ်အုံကို
ကောက်ကာငင်ကာဝယ်ပြီး
လူပျိုကလေးကို ပေးလိုက်သတဲ့။
လူပျိုကလေးဟာ
စာစုံဖတ်ထားတဲ့ လူဆို တော့သိပ်ပြီး ပျော်သွားဆိုပဲ ဟုတ်မှာပါလေ တောင်း ဆိုနေတဲ့ မေတ္တာကို အခုချိန်ကစပြီး
အပ်နှင်းလိုက်ပါ ပြီရယ်လို့ အဓိပ္ပာယ်သွားတဲ့ ဆပ်သွားဖူးပန်းကလေး ကိုရလိုက်သကိုး။
ကောင်လေးတစ်ယောက်ဟာ
ကောင်မလေး ဆီကိုချစ်တဲ့အကြောင်း စာတစ်စောင်ရေးလိုက်ပါ တယ်။ ဟိုကစာပြန်လာပုံက
ပြတ်သားခါးသီးလွန်းတဲ့ အတွက်ကောင်ကလေးရဲ့ ရင်ထဲမှာ ဗလောင်ဆူ သွားရှာပါတယ်။
ဒါကြောင့်နောက်ဆုံးကြိုးပမ်းတဲ့ အနေနဲ့၊
သူငယ်ချင်းတစ်ယောက် အနေနဲ့တောင် အသိအမှတ်မပြုနိုင်တော့ဘူးလားကွယ်လို့ အဓိပ္ပာယ်ရတဲ့
ချယ်ရီပန်းကလေးတစ်ခက်ကို
ပို့ပေးလိုက်ပါတယ်။
တစ်ခါက
ကောင်မလေးတစ်ယောက်ဟာ ဈေးသွားယင်း သူ့ချစ်သူကောင်လေးဟာ တစ်ခြား
မိန်းကလေးတစ်ယောက်နဲ့ တွဲသွားတာကို အမှတ်
မထင်တွေ့လိုက်ရသတဲ့၊ ကောင်မလေးဟာ ဈေးကို မြန်မြန်ဝယ်တယ်၊
သိပ်ပြီးစိတ်လှုပ်ရှားနေတယ်၊ ဒါ ကြောင့်စိတ်မြန်လက်မြန်နဲ့ ပန်းတန်းကိုပြေးပြီး၊
မိုးမခပန်းကလေးတစ်စည်းကို
ဝယ်ယူလိုက်တယ်။
အိမ်လည်းရောက်ရော သူ့ချစ်သူဆီကို အဲဒီ့ပန်းစည်းကို လူတစ်ယောက်နဲ့
ပို့ခိုင်းလိုက်ပါတယ်။
ကဲ….ကောင်းရော၊
ကောင်လေးအပေါ်ချစ် နေမိတဲ့စိတ်ကို ပြန်ပြီးရုပ်သိမ်းလိုက်ပါသတဲ့။
မိုးမခပန်းကလေးတွေက
ချစ်သူတွေရဲ့ကြား မှာဒီစကားကိုပဲ ပြောလေ့ပြောထရှိပေသကိုး။
ရထားကထွက်တော့မယ်၊
ချစ်သူနှစ်ဦး မခွဲစဖူးခွဲရတဲ့အတွက်
သိပ်ပြီးဝမ်းနည်းနေကြပါ တယ်။ ဒီအချိန်မှာပန်းသည်ကလေး ဖြတ်လျှောက်လာတယ်။
ဗန်းထဲမှာလဲ
ဆယ့်နှစ်ရာသီပန်းစည်းကလေးတစ်စည်းပဲ
ကျန်ပါတော့တယ်။
ကောင်ကလေးဟာ ပန်း သည်ကလေးကိုလှမ်းခေါ်ပြီး ဒီပန်းစည်းကလေးကို ၀ယ်လိုက်တယ်။
နောက်သူ့ချစ်သူကို လှမ်းပေးလိုက် ပါတယ်။
ဘာပဲဖြစ်ဖြစ်ခေတ်မီ
ဗဟုသုတတွေရှိတဲ့ မိန်းမပျိုကလေးဟာ
ရင်ထဲချမ်းမြေ့သွားရှာတယ်။
ဟုတ်မှာပါ၊
သူ့ကိုဘယ်တော့မှ မေ့ပျောက် လို့ရမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တဲ့ ပန်း
ကလေးကိုရလိုက်ပေသကိုး။
ကဲ………ဘယ်လောက်များ
စိတ်ဝင်စားစရာ ကောင်းတဲ့အကြောင်းကလေးတွေလည်းနော်၊
ကိုယ် ကိုယ်တိုင်မပြောချင်တဲ့စကားကို ကိုယ့်ကိုယ်စား ဒီ ပန်းကလေးတွေကို
အမျိုးမျိုးပြောခိုင်းလို့ရတာမို့ စိတ်ဝင်စားမှတ်သားလိုက်ပါတယ်။
ကဲ……....သူကောတို့ကို
ဘယ်လိုပန်းတွေ လက်ဆောင်ပေးမှာလဲဟင့်၊ လိုချင်တာက……… လို ချင်တာက။
No Response to "ပန်းလက်ဆောင်ဗေဒင်"
Add Your Comment